Online Registration
In-person Registration
-
မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ (၂၀၂၅)အခမ်းအနားသို့ အသင်းဝင်မည်သူမဆို တက်ရောက်နိုင်ပါသည်။
-
နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံသို့ လူကိုယ်တိုင်ဖြစ်စေ၊ Online (Zoom Platform) မှဖြစ်စေ အချိန်ပြည့်တက်ရောက်ကြသော MICEG Member (သက်တမ်းရှိသူ)များ CPD (3) hrs. ရရှိမည်ဖြစ်ပါသည်။
-
Registration ကြိုတင်ပြုလုပ်ထားသော သူများသာ CPD (3)hrs ရရှိပါမည်။
-
ညီလာခံသို့ လူကိုယ်တိုင်ဖြစ်စေ၊ online မှ ဖြစ်စေ တက်ရောက်လိုသော အသင်းဝင်များအနေဖြင့် Registration Link တွင် အချက်အလက်များ ဖြည့်စွက်၍ ၂၁-၂-၂၀၂၅ ရက် (သောကြာနေ့) ညနေ (၃:၀၀)နာရီ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးရမည် ဖြစ်ပါသည်။
-
လူကိုယ်တိုင်တက်ရောက်လာသူများသည် CPD hrs အတွက် အသင်းဝင်ကတ်ပြား / ငွေသွင်းချလန် ပြရပါမည်။
-
လူကိုယ်တိုင်တက်ရောက်သူများအခမ်းအနားပြီးသည်နှင့် CPD hrs. လက်မှတ်ချက်ချင်းရရှိပါမည်။
-
Online မှ တက်ရောက်သူများသည် Video အချိန်ပြည့်ဖွင့်၍ တက်ရောက်ရမည်ဖြစ်ပြီး တက်ရောက်ကြောင်းကို MICEG ဘက်မှ Video Recording ပြုလုပ်ထားမည် ဖြစ်ပါသည်။
-
CPD hrs. ရရှိကြောင်းကို Email ဖြင့် အကြောင်းပြန်ကြားပေးမည် ဖြစ်ပါသည်။
-
ညီလာခံသို့ လူကိုယ်တိုင်တက်ရောက်လာသူများအား နံနက်စာ ကော်ဖီနှင့်မုန့်၊ နေ့လည်စာ ဒံပေါက်ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး လက်ဆောင်ပစ္စည်းများလည်း ပေးပါမည်။